#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

Thursday, April 9, 2020

0 comments
စမ်းသပ်ခြင်း၁

e

Tuesday, April 7, 2020

0 comments
မိမိဖုန်း ထဲကနေမြေဧကတိုင်းတာပေးနိုင်မယ့်ဆော့ဝဲ

မိမိph ထဲကနေ...
မြေဧကတိုင်းတာပေးနိုင်မယ့်..
Apkလေးပါ...အနီးစပ်ဆုံးအဖြေထွက်ပါတယ်...စမ်းသုံးကြည့်ပါ။

👉    ဒီမှာယူပါ

w

0 comments
လယ်၊ မြေ၊ ဧက တိုင်းတာနည်း( မြန်မာဆော့ဝဲလ်)

ဖုန်းနဲ့ လယ်၊ မြေ၊ ဧက အကျယ်ဝန်း တိုင်းတာလိုသူတွေ
အတွက် တိုင်းတာနည်းလေး မျှဝေလိုက်ပါတယ်။ မြန်မာစာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အောက်မှာပုံးလေးတွေ ကြည့်ပြီးလေ့လာနိုင်ပါပြီ။ အားလုံး အဆင်ပြေကြပါစေ။
👉     ဒီမှာယူပါ
👉     ဒီမှာယူပါ

q

0 comments

မြေဧက ဖွဲ့နည်း တွက်နည်း

တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = .၅xအခြေxအမြင့် ÷ 43560

မြေသိမ်းတရားခံဘယ်သူလဲ

Monday, April 6, 2020

0 comments
၂၀၁၈ ခုနှစ်က လယ်ယာမြေပြဿနာမျးာ(လှိုင်ဘွား) ဂရုမှာ
တင်ခဲ့တဲ့ ပို့စ်လေး ဘလော့မှာပြန်တင်ပေးလိုက်ပါတယ်...
သိမ်းဆည်းခံ လယ်ယာမြေကိစ္စများကို
မိမိတတ်စွမ်းသလောက်ကူညီဆောင်ရွက်ပေးရင်း
စိတ်ပျက်စရာများကိုတွေ့လာရသည်
လယ်မစိုက်ပဲ လယ်ဧက ထောင်ချီ၍ ပိုင်ကြသော သူဌေးကြီးများကိုတွေ့ရသလို
တစ်သက်လုံး တောင်ယာလယ်လုပ်ကိုင်စားလာခဲ့သော်လည်း မြေခွန်ပြေစာလေးတစ်ဆောင်တောင်မှမပြနိုင်သူ လည်းရှိ၏
ဌာနဝန်ထမ်းများ၏တာဝန်မကျေမှု
တောသူတောင်သားများ၏ စာပေမတတ်
ဥပဒေနားမလည်၍
တစ်သက်လုံး လယ်လုပ်စားလာခဲ့ပြီး
မမြဲ ဦးပိုင် N ပြေစာ နဲ့သာအရိုးထုတ်ခဲ့ကြသူများလဲပေါလှ၏
ခေတ်အဆက်ဆက် ပင်ပန်းဆင်းရဲကြီးစွာ
လယ်ယာအလုပ်ကိုလုပ်ကိုင်ကြပေမဲ့
ကျဉ်းတစ်ကောင် ကျယ်တစ်ရှင်း ပြုတ်ပြီး
အချိန်တန် ကောက်ဆွနဲ့ ဆန်ကောသာ
ကျန်သည်ဆိုတာလဲ လူကြီးမင်းတို့
မသိမဟုတ်၊
လယ်ယာကဏ္ဍ မြေတောင်မြှောက်ပေးရမဲ့အစား
လယ်သိမ်းမြေသိမ်း လုပ်ခဲ့ကြ၏
လယ်ယာမြေ များကိုသိမ်းကြသူတို့မှာ
လယ်ယာအလုပ်လုပ်ဖို့မဟုတ်
မြေကို အရင်းအနှီး တစ်ခုပမာ
အစိုးရ အဆက်ဆက်တို့နှင့်ပေါင်းပြီး
အခြားနည်းသုံးစွဲခွင့်အပါအဝင်
နည်းမျိုးစုံဖြင့် မြေကိုပုံပြောင်း၍
မြန်မာ နာမည်နှင့် နိုင်ငံခြားသားပိုင်မြေများ ဖြစ်ကုန်၏
အမြန်လမ်းမကြီး ဝဲယာ တစ်လျှောက်နှင့်
တိုင်းနဲ့ ပြည်နယ်ပါမကျန် မြန်မာအမည်ခံ
နိုင်ငံခြားသားပိုင်မြေများဖြစ်ကုန်ပေပြီ...
လယ်ယာမြေဥပဒေမှာလည်း အားနည်းချက်များစွာရှိလျှက် ရှိတဲ့ တည်ဆဲဥပဒေများမှာလည်း လူချမ်းသာ လူဂုဏ်ထံ များအတွက်အသက်မဝင်
ဆင်းရဲသား မိသားစုများအတွက်သာ
ဒုက္ခမျိုးစုံ ပေးနိုင်သော ဥပဒေများဖြစ်နေတော့၏
မှတ်မှတ်ရရ  ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်
ဖက်မှာ စပါးအထွက်ကောင်းလှသော
လယ်များသည် ဆည်မြောင်းများလည်း
ပြည့်စုံလုံလောက်အောင်ရှိနေပါလျှက်
ဗိုလ်ချုပ် တစ်ယောက်မှ ရွာ ၄ရွာ စလုံးမှ
လယ်တွေသိမ်းပိုက်ခဲ့ပြီး ယခုအခါ
ငါးကန်များ ဖြစ်လျှက်ရှိနေသည်မှာ
တိုင်းပြည်အတွက် လွန်စွာနစ်နာလှပြီး
လယ်သိမ်းခံပြည်သူများလည်း
ရွာလုံးကျွတ်ဘဝပျက်ခဲ့ကြပြီး
ကစဉ့်ကလျား ဖြစ်ခဲ့ကြသည်။
ယခုနောက်ပိုင်း ကြုံလာရတဲ့ကိစ္စအများစုကတော့
မမြဲဦးပိုင် N ပြဿနာများဖြစ်၏
ကျနော်လေ့လာမိသလောက်တော့
ယခုအသုံးပြုဆဲဖြစ်သည့်မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၁၂၁၄ တွင် အတည်တကျမဖြစ်သေးသည့် မြေ၏နယ်ခြားများကို မြေစာရင်းဝန်ထမ်းများက စနစ်တကျတိုင်းတာ၍ ခဲဖြင့်မှတ်သားထားပြီး
ပထမနှစ် မှ စတုတ္ထနှစ်အထိမည်သို့မည်ပုံပြုလုပ်ရမည်ကိုဖော်ပြထားပြီး
မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၁၁၁၇အရ သေချာစွာစစ်ဆေးကြည့်ရှုပြီး 
နောက်ဆုံး မြေစာရင်းလက်စွဲဥပဒေ အပိုဒ်
၉၃၀ အရ မြေတိုင်းစာရေးသည် အမြဲဦးပိုင်ပြောင်းလဲရမည့် မမြဲ
ဦးပိုင်များအား သေချာစွာတိုင်းတာ၍
မှတ်ပုံတင်စာရင်း ၁.က တွင်ရေးသွင်းရမည်ဟု လေ့လာတွေ့ရှိရပါသည်...
ဤသို့ဆိုလျှင်သိမ်းဆည်းခံလယ်သမားတို့အား ယနေ့မြေစစ်တို့ ပြောလေ့ရှိသော မမြဲဦးပိုင် N ပြေစာ
ဖြစ်နေသည်ဟုဆိုသည်မှာ မည်သူ့တွင်
တာဝန်ရှိသနည်းဟု မေးရပါတော့မည်။
ဆက်ပါအုံးမည်.........

 လှိုင်ဘွား(လယ်ယာမြေ)
https://m.facebook.com/groups/782584568505114?view=permalink&id=1900624750034418

တောင်သူများကို စက်မှာလယ်ယာဦးစီးဌာနများမှကူညီမည်

Saturday, April 4, 2020

0 comments
ယညွှန်ကြားရေးမှူးချုပ် -
၀၉ ၂၅၀ ၂၈၉ ၂၉၉
၀၆၇ ၃၄၃၁၂၁၂ 

မဂ်လာပါ

Thursday, April 2, 2020

0 comments
မဂ်လာပါ
အစမ်း ဘလော့လေးပါ